ကြယ်ကလေးတစ်လုံးအကြောင်း
ပြောပြချင်သည်။
ပုံပြင်ဟု
သတ်မှတ်မည်ဆိုပါက သတ်မှတ်နိုင်သည်။
ကြယ်ကလေးသည်
ကောင်းကင်တွင် နေသားတကျတည်ရှိနေသည်။
ကြယ်ကလေးဖြစ်တည်လာမှုအပေါ်
အသေအချာဂရုစိုက်မိသူရှိမည် မဟုတ်ပေ။
အခြားသောကြယ်များထက်
ထူးခြားဆန်းပြားသောအရာများ ကြယ်ကလေးတွင်မရှိပါ။
အခြားသောကြယ်များကို
မြင်ရသလိုပင် ကြယ်ကလေးကို အနည်းငယ်လင်းစွာမြင်နိုင်သည်။
ကြယ်ကလေးတည်ရှိနေခြင်းသည်
မည်သည့်အရာကိုမျှ အနှောင့်အယှက်မပေးပါ။
မည်သည့်အရာကိုမျှ
ယိုယွင်းပျက်ဆီးစေခြင်းမရှိပါ။
ကြယ်ကလေးသည်
သူနေထိုင်ရာ ကောင်းကင်ကို အလွန်ချစ်ခင်တွယ်တာသည်။
ကြယ်ကလေး၏
အရာအားလုံးသည် ကောင်းကင်ကြီးဖြစ်သည်။
ကြယ်ကလေး၏
ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ လွမ်းဆွတ်ခြင်း ၊နာကျင်ကြေကွဲရခြင်း၊ ထိခိုက်ခံစားရခြင်း
တို့ သည် ကောင်းကင်ကြီးထံမှ မြစ်ဖျားခံဆင်းသက်သည်။
ကြယ်ကလေးပျင်းရိသည့်အခါ
ပျော်အောင်လုပ်ပေးသည်။
ကြယ်ကလေးပျော်နေသည့်အခါ
အတူတူပျော်ရွှင်သည်။
ကြယ်ကလေးနေမကောင်းသည့်အခါ
ဂရုစိုက်ကာယုယသည်။
ကြယ်ကလေးဝမ်းနည်းအားငယ်သည့်အခါ
အားပေးနှစ်သိမ့်သည်။
ကြယ်ကလေးအတွက်
ကောင်းကင်ကြီးမရှိလို့ မဖြစ်။
ထိုကောင်းကင်တွင်
နေခွင့်ရခြင်းကို ကြယ်ကလေးကျေနပ်သည်။
သို
့သော် ကြယ်ကလေးမေ့လျော့နေသည့် အရာတစ်ခုရှိသည်။
ကောင်းကင်ကြီးထံတွင်
ကြယ်ကလေးပေါင်း မြောက်များစွာရှိလေသည်။
ကောင်းကင်တွင်
ကြယ်အမြောက်အများရှိနေခြင်းသည် မဆန်းလှသော ဖြစ်ရပ်ပင်။
ကောင်းကင်ကြီးကို
တစ်ဦးတည်းပိုင်ဆိုင်ချင်သူ ကြယ်ကလေးအတွက်တော့ မယုံကြည်နိုင်လောက်အောင် ဆန်းကြယ်နေပြန်သည်။
ကြယ်ကလေးစိတ်မကောင်းဖြစ်ရသည်။
ကြယ်တွေအများကြီးကြားမှ
သာမာန်အဆင့်ကြယ်ကလေးကို ကောင်းကင်ကြီးက ဘယ်အချိန်ထိ ဂရုစိုက်နိုင်ပါမည်နည်း။
ကြယ်ကလေး
အသေအချာတွေးနေမိပြီ။ ထို့ နောက်ဆုံးဖြတ်ချက်တစ်ခု ချလိုက်နိုင်သည်။
ကောင်းကင်ကြီးအနားမှ
တစ်ဖ၀ါးပင် မခွာတော့ပါ။
ကောင်းကင်ကြီးအတွက်
ကြယ်ပေါင်းများစွာ ရှိသော်လည်း ကြယ်ကလေးအတွက်တော့ ကောင်းကင်ကြီးမှတပါး အခြားမရှိနိုင်တော့ပါ။
ကောင်းကင်ကြီးအတွက်
အရေးပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ အရင်ကလို အရေးထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ကြယ်ကလေး
တွေးတောလိုခြင်းမရှိတော့ပေ။
ကောင်းကင်ကြီးဧ။်
သူ့ အပေါ်သဘောထားကိုလည်း မစဉ်စားနိုင်တော့။ ကောင်းကင်ကြီးရှိသည့်နေရာတွင် ကြယ်ကလေးရှိနေချင်ပါသည်။
ကောင်းကင်ကြီးနှင့်
ကြယ်ကလေးအတွက် ကံကောင်းမှုဆိုသည်မှာ နည်းပါးလှသည်။
ကံဆိုးခြင်းများသာ
မကြာခဏတွေ့ ကြုံရတတ်သည်။
ထိုအခါမျိုးတွင်
ကြယ်ကလေးအလွန်စိတ်ပင်ပန်းနာကျင်ရသည်။
အားတင်းကာ
လျှောက်လှမ်းရင်း ကောင်းသောနေ့ ရက်များကို ရှာဖွေရသည်။
ကောင်းကင်ကြီးထံမှ
စွန့် ခွာထွက်ပြေးနိုင်လျှင် ပင်ပန်းခက်ခဲမှုများလျော့ကျနိုင်မည်လား၊ ကြယ်ကလေးမကြာခဏ
စဉ်းစားကြည့်ဖူးသည်။
ကောင်းကင်ကြီးနှင့်
ခွဲခွာရမည့်နာကျင်မှု နှင့် ကောင်းကင်ကြီးအနားမှာနေပြီး ခံစားရမည့်နာကျင်မှု ချိန်ထိုးစဉ်းစားကြည့်တိုင်း
ကြယ်ကလေးရင်မောရသည်။
ကြယ်ကလေးမပျော်ပါ။
ကောင်းကင်ကြီးက သူ့ အပေါ်အေးတိအေးစက်နိုင်လှသည်။
ကြယ်ကလေးငိုချင်သည်။
ကြယ်ကလေးငိုမိသည်။
ကောင်းကင်ကြီး
သူ့ အပေါ်အေးစက်စိမ်းကားရုံတင်မကပေ။ လှောင်ပြောင်သရော်သည်။ခနဲ့ သည်။ ရွဲ့ သည်။
ကြယ်ကလေးဝမ်းနည်းသည်။
၂ဦးကြားတွင်
စကားလုံးများမလိုသော ရင်းနှီးနားလည်မှုရှိသည်ဟု ကြယ်ကလေးယုံကြည်ခဲ့သော်လည်း ကြယ်ကလေးအထင်မှားခဲ့ခြင်းသာ။
ကြယ်ကလေးမငိုချင်တော့ပါ။
ငိုရသော ညများကို ကြယ်ကလေးမုန်းသည်။
ထို
့နောက် စွန့် ပစ်ဖယ်ခွာမှုနှင့် ဥပက္ခာများ။
ကြယ်ကလေးသည်
ရှင်းပြရန်အင်အားအလွန်နည်းပါးနေသည်။
စကားပြောစွမ်းရည်နိမ့်ပါးလှသော
ကြယ်ကလေး၏ ချေပချက်များကို ကျွမ်းကျင်လိမ္မာစွာ တန်ပြန်ပြောဆိုသည့် အခါ ကြယ်ကလေးဝမ်းနည်းရဦးမည်သာ။
သိမ်ငယ်စိတ်တို
့ကြီးစိုးနေသော ကြယ်ကလေးသည် အခြားသော ကြယ်များကြားတွင် ပျော်ရွှင်စွာနေသားကျရန် ကြိုးစားနေရပြန်သည်။
သူ၏ကောင်းကင်ကြီးဆီက
နွေးထွေးမှုများ ပြန်လည်ရရှိနိုင်မည့် နေ့ ရက်ကို မျှော်လင့်စောင့်စားကာ အသက်ရှင်ရင်းနဲ
့ပေါ့။