Monday, February 4, 2013

သတိရခြင်း


နှလုံးသားနဲ့ ပေးတဲ့ လက်ဆောင်
နှလုံးသားနဲ့  ခံယူရမှာပေါ့
တန်ဖိုးသတ်မှတ်ခြင်းမရှိသလို
အရောင်စုံဖဲပြား၊ တလက်လက်စက္ကူတွေလဲ မလိုပါ။

ပန်းလေးတစ်ခက်လား
တစ်ပိုင်းတစ်စ သီချင်းလေးလား
ကဗျာလေး တစ်ပိုဒ်လား
ဖေးမစွာဆိုတဲ့ စကားလား
ကိုယ့်အတွက်မက်တဲ့  အိပ်မက်လား
ကိုယ့်ကြောင့်ခုန်တဲ့ ရင်အစုံလား။

ချိုမြမှု မြစ်တစ်စင်း ရင်ခွင်နှစ်ခုကို ဖြတ်ဆင်းမယ်
နွေးထွေးတဲ့ လေညင်း နှလုံးသားနှစ်ခုကြား ဖွဖွလေးတိုက်မှာပေါ့။

ရှင်းရှင်းလေး ရိုးတဲ့ ဖြူစင်ခြင်းလက်ဆောင်
နုနုသက်သက် ပွေ့ ပိုက်ရုံပါပဲ။




No comments:

Post a Comment